ကြိုဆိုပါတယ်ဗျာ

အွန်လိုင်းပေါ်ကနည်းပညာများဆိုဒ်လေးမှ သူငယ်ချင်းကို လှိုက်လှဲပျူငှာစွာကြိုဆိုပါတယ်ဗျာ . . . ဆိုဒ်လေးနဲ့ပါတ်သတ်ပြီး အကြံပြုလိုတာပဲဖြစ်ဖြစ် မေးမြန်းလိုတာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အီးမေးလ် wine.no2020@gmail.com မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ . . .

Welcome

HTML

Butterfly

Wel

ဒီတစ်ပါတ်အတွက်စကား
လောကတွင်လူဆိုးမရှိ။ အယူမှား၍ဆိုးသွမ်းနေသူသာရှိသည်။

Tuesday, January 24, 2012

Google Search ကိုပျှော်စရာအဖြစ်သုံးကြည့်ရအောင်

ပျှော်စရာကောင်းပြီးလိုက်လုပ်ကြည့်ဖို့မျှော်လင့်ပါတယ်။ Googleကို ပျှော်စရာတစ်ခုအဖြစ်သုံးနည်းလေးတွေပါ။ မှတ်လိုက်ကြပါဦးနော် . . .။
Do a barrel Roll
Google ရဲ့ Home Page မှာ do a Barrel roll လို့ရိုက်လိုက်ပြီး ခဏလေးစောင့်လိုက်ရင် ထူးခြားတာ တစ်ခုတွေ့ရလိမ့်မယ်။ Google ရဲ့ Search ကြီးတစ်ခုလုံး တစ်ပါတ်လည်သွားပါလိမ့်မယ်။
Tilt
Google Search မှာ Tilt လို့နှိပ်ပြီး Enter ခေါက်လိုက်ရင် Search ကြီးတစ်ခုလုံးစောင်းသွားလိမ့်မယ်။
What is the loneliest number
Google ကိုခုလိုမေးလိုက်ရင်တော့ အထီးကျန်ဆန်ဆုံးဖြစ်တဲ့ နံပါတ်-၁ ကို ညွှန်ပြပေးပါလိမ့်မယ်။
Askew
Tilt တုန်းကလိုပဲ။ Google Search ကြီးတစ်ခုလုံး ညာဘက်ကိုစောင်းသွားလိမ့်မယ်။
Google Sphere
Search Boxမှာ အပေါ်ကအတိုင်းရိုက်ထည့်ပြီး I am feeling lucky ဆိုတာနှိပ်လိုက်ရင် Google ရဲ့ Search က အရာတွေက လည်နေတာကိုတွေ့ရပါလိမ့်မယ်။
Google Gravity
Search Box မှာ အဲ့ဒါကိုရိုက်ထည့်ပြီး I am feeling Lucky ဆိုတာ လုပ်လိုက်ရင် ကမ္ဘာ့ဆွဲအားအတိုင်းအလုပ်လုပ်မယ့် Google ဆိုတာဖြစ်သွားပြီး အရာအားလုံးဟာ ပြိုလဲကျသွားမှာပဲဖြစ်ပါတယ်။
Google Language
Google ကိုထူးဆန်းတဲ့ဘာသာစကားတွေနဲ့သုံးချင်တယ်ဆိုရင်တော့ xx-pirate ကို ရိုက်ထည့်ပြီး I am feeling lucky ကိုနှိပ်လိုက်ရင် Pirate တွေသုံးတဲ့ ဘာသာစကားနဲ့ ၊ xx-klingon ဆိုရင်တော့ Star Trek ထဲက ဂြိုဟ်သားဘာသာစကားနဲ့ ၊ 600673 ဆိုရင် အက္ခရာဆင်တူဂဏန်းတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်။
အားလုံးပဲ Google ကိုသုံးပြီး ပျှော်ရွှင်နိုင်ကြပါစေဗျာ . . .။

No comments:

Post a Comment