ကြိုဆိုပါတယ်ဗျာ

အွန်လိုင်းပေါ်ကနည်းပညာများဆိုဒ်လေးမှ သူငယ်ချင်းကို လှိုက်လှဲပျူငှာစွာကြိုဆိုပါတယ်ဗျာ . . . ဆိုဒ်လေးနဲ့ပါတ်သတ်ပြီး အကြံပြုလိုတာပဲဖြစ်ဖြစ် မေးမြန်းလိုတာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အီးမေးလ် wine.no2020@gmail.com မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ . . .

Welcome

HTML

Butterfly

Wel

ဒီတစ်ပါတ်အတွက်စကား
လောကတွင်လူဆိုးမရှိ။ အယူမှား၍ဆိုးသွမ်းနေသူသာရှိသည်။

Tuesday, January 17, 2012

တစ်လကို 4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ်ကို တစ်နာရီအတွင်း အခမဲ့ရအောင်ကြိုးစားကြည့်ကြရအောင်

   ကလိမ်ကျတဲ့နည်းလို့ပြောရင်လည်း ရပါတယ်။ ဘာလို့လဲဆိုတော့ လိမ်စဉ်နည်းလေးနဲ့ လုပ်ရတာကိုး။ ဒီလိုလုပ်ဖို့ ကိုယ့်မှာ အီးမေးအကောင့်နှစ်ခုလိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ . . .။
                       ပထမဆုံး ဒီမှာ အရင်ဆုံးအဖွဲ့ဝင်လိုက်ပါ။ ပြီးရင် ကိုယ်အတည်ထောင်မယ့် အခမဲ့ဆိုဒ်ကိုထောင်လိုက်ပါ။ ခုဆို အခမဲ့ စနစ်နဲ့ ဆိုဒ်တစ်ခုတော့ထောင်ပြီးသွားပါပြီ။ ထုံးစံအတိုင်းအခမဲ့ဆိုတော့ အခပေးလို favicon , Custom Header, Password Protect တွေတော့ မရှိသေးဘူးပေါ့ဗျာ .  . . ။ အဲ့ဒါအပြင် ကိုယ့်ဟာ အခမဲ့ဆိုဒ်မှန်းလူသိအောင်အောက်မှာ Create a free website with weebly ဆိုတဲ့ဟာကြီးကပါ ပါနေတော့ လူသိပ်အထင်မကြီးဘူးပေါ့ဗျာ . . . ။ အခပေးလုပ်တာရမှပဲ ကိုယ့်ဟာကိုယ်ပြန်ဖြုတ်လိုက်ကြပေါ့။
                    အဖွဲ့ဝင်ပြီးရင်တော့ websiteတစ်ခုကိုထောင်ပြီး တစ်ခါတည်း publish တန်းလုပ်လိုက်ပါ။ Publish လုပ်ပြီးရင် ကိုယ့်ဆိုဒ်ရမရကို အရင် tab အသစ်တစ်ခုမှာစမ်းကြည့်ပါဦး။ ရပြီဆိုမှ အဲ့ဒါကိုပိတ်ပြီး တည်းဖြတ်နေတဲ့စာမျက်နှာရဲ့  ညာဘက်အပေါ်က close ဆိုတာကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင် အစပိုင်းက စာမျက်နှာပြန်ပေါ်လာပါလိမ့်မယ်။ အပေါ်က my referrals ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင်

Option A: Send them this link

ဆိုတဲ့စာလုံးအောက်က လင့်လေးကို copy ကူးထားလိုက်ပါ။ ပြီးရင်တော့ logout လုပ်ပေါ့ဗျာ . ..။ logout လုပ်ပြီးရင်တော့ ခုနကော်ပီကူးထားတဲ့လင့်လေးကို browser တစ်ခုခုမှာဖွင့်လိုက်ပါ။ ခုနသင်ဆိုဒ်ထောင်ခဲ့တဲ့ ဆိုဒ်ပြန်ကျလာပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ့်ရဲ့ တခြားအီးမေးလိပ်စာနဲ့ အဲ့ဒီဆိုဒ်မှာပဲ အဖွဲ့ဝင်လိုက်ပြီး ပေါက်ကရဆိုဒ်တစ်ခုထပ်ထောင်လိုက်ပါ။ ပြီးရင်တော့ Publish ပေါ့ဗျာ . . .။ အဲ့ဒီအခါ ထောင်ပြီးတဲ့ ပေါက်ကရဆိုဒ်တစ်ခုကို tab အသစ်မှာ ဖွင့်ကြည့်ပါဦး။ ရပြီဆိုရင်တော့ အဲ့ဒါကို Logout လုပ်ပြီး အတည်ထောင်ထားတဲ့ ဆိုဒ်ကိုတည်းဖြတ်ဖို့ အရင်အကောင့်ကို ပြန်လည် login ၀င်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အကောင့်မှာ တစ်လ free  4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ် ကိုရရှိနိုင်ပါပြီ။ ဒါပေမယ့် တစ်လပြည့်တိုင်း referral ကလင့်နဲ့ အကောင့်သစ်တစ်ခုထပ်ထပ်လုပ်ပေးနေရပါမယ်။ ဒါမှနောက်လတိုင်းလတိုင်း အခပေးဆိုဒ်အနေနဲ့ တည်ရှိနေမှာလေ။
နမူနာအနေနဲ့ ကျွန်တော် အဲ့လိုထောင်ထားတဲ့ ဆိုဒ်လေးကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာ . . .။
အားလုံးအခပေးဆိုဒ်တွေကို အခမဲ့ထောင်နိုင်ကြပါစေဗျာ . . .။

No comments:

Post a Comment