ကြိုဆိုပါတယ်ဗျာ

အွန်လိုင်းပေါ်ကနည်းပညာများဆိုဒ်လေးမှ သူငယ်ချင်းကို လှိုက်လှဲပျူငှာစွာကြိုဆိုပါတယ်ဗျာ . . . ဆိုဒ်လေးနဲ့ပါတ်သတ်ပြီး အကြံပြုလိုတာပဲဖြစ်ဖြစ် မေးမြန်းလိုတာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အီးမေးလ် wine.no2020@gmail.com မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ . . .

Welcome

HTML

Butterfly

Wel

ဒီတစ်ပါတ်အတွက်စကား
လောကတွင်လူဆိုးမရှိ။ အယူမှား၍ဆိုးသွမ်းနေသူသာရှိသည်။
Showing posts with label အွန်လိုင်းငွေရှာနည်း. Show all posts
Showing posts with label အွန်လိုင်းငွေရှာနည်း. Show all posts

Monday, January 23, 2012

Inbox Dollars ဘယ်လိုပိုက်ဆံရှာသလဲ

       ဒီနေ့အွန်လိုင်းလောကမှာ Premium Account ကိုမဝယ်ဘဲနှင့် အွန်လိုင်းကနေပိုက်ဆံရှာပြီးဝယ်ကြည့်ရအောင် ဆိုတဲ့ပို့က တော်တော်လေးကိုလူသိများနေခဲ့ပါတယ် . . .။ သူ့နည်းလေးကတော့
                                                ဒီပုံလေးကိုကလစ်နှိပ်ပြီး Inbox Dollars ဆိုဒ်ထဲကို အဖွဲ့ဝင်လိုက်တာနဲ့ ၅ဒေါ်လာချက်ချင်းရတယ်လို့ဆိုပါတယ်။ နောက်ပြီးဒေါ်လာ(၃ဝ)ပြည့်ရင် ကိုယ့်ရဲ့ Pay Pal အကောင့်နဲ့ချိတ်ပြီး ထုတ်ယူလို့ရတယ်လို့လည်းဆိုပါတယ် . . .။
            ဒီတော့ သူက ငွေတွေကို ဘာလို့ လူတကာကို အခမဲ့ အလှူလုပ်သလိုပေးနေရတာလဲဆိုတာ အားလုံးလည်းသိချင်ကြမှာပဲ . . .။ သူကဒီလိုဗျ။
            ဆိုဒ်ထဲဝင်ဝင်ချင်း(၅)ဒေါ်လာရတယ်ဆိုတာလွယ်ပေမယ့် နောက်ပိုင်းနည်းနည်းချင်းသာရတော့ ဒေါ်လာ(၃ဝ)ပြည့်ဖို့ဆိုရင် အနည်းဆုံး (၆)လလောက်ကြာမှရပါလိမ့်မယ် . . .။
           သူဒီငွေတွေကို ဘယ်ကနေပေးလဲဆိုတာကိုလည်း အားလုံးသိချင်ကြမှာပဲ။ သူက သူ့ရဲ့ Search Engine ကနေ ဆိုဒ်တွေကို ရှာဖွေရင် တစ်ခါရှာ (ဝ.ဝ၁)ဒေါ်လာရပါတယ် .။ တစ်နေ့ကို အလွန်ဆုံး(၅)ဒေါ်လာထိပေးပါတယ်.။
         အဲ့ဒီလို သူ့ရဲ့ Search Engine မှာရှာဖွေတဲ့အခါမှာ Sponsored Result တွေအပေါ်မှာပါလာတာကိုလည်းတွေရပါတယ်.။ နောက်ပြီး ဗီဒီယိုကြည့်ပြီး ပိုက်ဆံယူတဲ့နေရာမှလည်း ဗီဒီယိုတစ်ချို့က ကြော်ငြာတွေဖြစ်နေတာကိုတွေ့ရမှာပါ.။ 
         ဒါဟာဘာကိုဆိုလိုလဲဆိုရင် ဥပမာအွန်လိုင်းမှာ 0.1$ per click ဆိုတဲ့ဟာကိုတော်တော်များများသိကြမှာပါ.။ သူတို့ကြော်ငြာတွေကို ကိုယ့်ဆိုဒ်မှာတင်ထားပေးပြီး ကြော်ငြာကိုလူတစ်ယောက်ကလစ်နှိပ်ရင် 0.1$ ပေးတဲ့ဆိုဒ်ပါ .။ ဒီတော့ Inbox Dollars လည်းဒီအတိုင်းပါပဲ .။ သူတို့ Search Engineမှာ ကြော်ငြာကို လူတစ်ယောက်ကလစ်နှိပ်ခဲ့ရင်၊ ဗီဒီယိုကြော်ငြာကို လူတစ်ယောက်ကြည့်ခဲ့ရင်၊ စသဖြင့် ကြော်ငြာများကို သူသိများအောင်လုပ်ပေးပြီး ပိုက်ဆံယူကာ ထိုအထဲကမှ ၅ရာနှုန်းလောက်ကိုသာ ကျွန်တော်တို့ကိုပေးတာပဲဖြစ်ပါတယ် . . .။ 
        နောက်ပြီး ဂိမ်းဆော့ရင်လည်း ငွေတွေရနိုင်တယ်ဆိုပါတယ် .။ အဲ့ဒီဂိမ်းတော်တော်များများမှာ Facebook က မြို့ပြတည်ထောင်ရေးဂိမ်းတွေမှာလို တချို့ပစ္စည်းတွေကို Facebook မှာတော့ ငွေနဲ့ဝယ်ရတဲ့ Facebook Credit ၊ ဒီဆိုဒ်မှာတော့ ပိုက်ဆံပေးပြီး ဂိမ်းထဲက Tools အချို့ကိုဝယ်ရတာလဲရှိပါတယ် .။ ဒီလိုနဲ့ Inbox Dollars က ပိုက်ဆံတွေကိုရှာဖွေနေတာပဲဖြစ်ပါတယ် .။
        အွန်လိုင်းမှာ ပိုက်ဆံရှာလို့ရတာ Inbox Dollars တစ်ခုတည်းမဟုတ်ပါဘူး .။ တခြားရှာလို့ရတဲ့ဆိုဒ်တွေ ထုနဲ့ဒေး ရှိပါသေးတယ် .။ တချို့ဆိုဒ်တွေဆိုရင် Inbox Dollars ထက်တောင်ငွေပေးစိပ်ပါသေးတယ် .။ 
        အချို့ဆိုဒ်တွေဆိုရင် တစ်လကို ဒေါ်လာ(၅၀)ကျော်လောက်ပေးတာလဲရှိပါတယ် .။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းငွေရှာဆိုဒ်တော်တော်များများမှာ ဝင်ထားရင် လစာက ကုမ္ပဏီအလယ်အလတ်ဝန်ထမ်းတစ်ယောက်ရဲ့လစာလောက်ရနိုင်တာမို့ ဒီဆိုဒ်တွေထဲဝင်ထားရင် ဘာအလုပ်မှလုပ်စရာမလိုဘဲ အွန်လိုင်းမှာပဲဝင်ငွေကောင်းနိုင်ပါတယ် .။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေခံထားရတာမို့ ဘဏ်အကောင့်၊ Pay Pal အကောင့်လုပ်မရလို့ ဘယ်လိုမှယူဖို့မဖြစ်နိုင်သေးပါဘူးခင်ဗျာ . .။ ဒါကြောင့် စီးပွားရေးပိတ်ဆို့ထားတာကို မြန်မြန်လေး ပြန်ပြီး ရုတ်သိမ်းပေးနိုင်ပါစေလို့ ဆုတောင်းနေရုံပဲရှိတာပေါ့ဗျာ . . .။
         နောက်ပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးဟာ ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေရှိတာမို့ ပိတ်ဆို့ထားမှုတွေကို ပြန်လည်ရုတ်သိမ်းဖို့ နီးကပ်လာပြီမို့ ဒီငွေရှာနည်းလေးတွေဟာ မကြာခင်ပဲအသုံးဝင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ .  . .။
        တခြားဝင်ငွေကောင်းကောင်းရနိုင်မယ့်ဆိုဒ်တွေကနေ ပိုက်ဆံရှာနည်းအကြောင်းကိုလည်းနောက်အလျင်းသင့်ရင် တင်ပေးသွားမှာပါ။ အဲ့ကြရင်လည်း လေ့လာကြပါဦးလို့ပြောချင်ပါတယ် . . .။

ခင်လျက်
http://myonlinetechnology.blogspot.com