ကြိုဆိုပါတယ်ဗျာ

အွန်လိုင်းပေါ်ကနည်းပညာများဆိုဒ်လေးမှ သူငယ်ချင်းကို လှိုက်လှဲပျူငှာစွာကြိုဆိုပါတယ်ဗျာ . . . ဆိုဒ်လေးနဲ့ပါတ်သတ်ပြီး အကြံပြုလိုတာပဲဖြစ်ဖြစ် မေးမြန်းလိုတာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အီးမေးလ် wine.no2020@gmail.com မှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ . . .

Welcome

HTML

Butterfly

Wel

ဒီတစ်ပါတ်အတွက်စကား
လောကတွင်လူဆိုးမရှိ။ အယူမှား၍ဆိုးသွမ်းနေသူသာရှိသည်။

Monday, January 30, 2012

ကိုယ့်ဆိုဒ်မှာ မြို့အလိုက် ကမ္ဘာ့မိုးလေ၀သသတင်းထည့်ချင်ရင်

              ခုဖော်ပြမယ့် မိုးလေ၀သသတင်း ဆိုတာကတော့ Box ကလေးမှာ ကိုယ်သိချင်တဲ့ မြို့နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းမှန်ကန်စွာ ထည့်သွင်းပြီး မိုးလေ၀သသတင်းတွေကို ကြည့်ရှုရတဲ့ Box ကလေးပဲဖြစ်ပါတယ်။
            Box ပုံစံကတော့ အောက်ကပုံအတိုင်းပါ...။

        ဒီဟာလေးကို သင့်ဘလော့မှာထည့်ချင်တယ်ဆိုရင်တော့ Layout>>Add a Gadget ကနေ HTML/Java script ကိုရွေးပြီး Headerမှာတော့ ကိုယ်ထည့်ချင်တဲ့ခေါင်းစဉ် (ဥပမာ- ယနေ့မိုးလေ၀သ) ဆိုထည့်ပြီးအောက်မှာတော့ ဒီကုဒ်လေးကို ကူးယူပြီး ဖြည့်လိုက်ပါ။ ပြီးရင်တော့ Save လုပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ဆိုဒ်မှာ မိုးလေ၀သသတင်းတွေဖော်ပြပေးနိုင်တဲ့ Box လေးတစ်ခုလုပ်လို့ပြီးသွားပါပြီ။ ထည့်ရမယ့်ကုဒ်ကတော့-

<embed height="210" src="http://image.weather.com/web/services/gadgets/images/sandbox.swf" width="540"></embed>

ဒါဆိုရင်ရပါပြီ . . . ကဲ အားလုံးအဆင်ပြေပြေစမ်းကြည့်နိုင်ကြပါစေဗျာ . . .။

Tuesday, January 24, 2012

Google Search ကိုပျှော်စရာအဖြစ်သုံးကြည့်ရအောင်

ပျှော်စရာကောင်းပြီးလိုက်လုပ်ကြည့်ဖို့မျှော်လင့်ပါတယ်။ Googleကို ပျှော်စရာတစ်ခုအဖြစ်သုံးနည်းလေးတွေပါ။ မှတ်လိုက်ကြပါဦးနော် . . .။
Do a barrel Roll
Google ရဲ့ Home Page မှာ do a Barrel roll လို့ရိုက်လိုက်ပြီး ခဏလေးစောင့်လိုက်ရင် ထူးခြားတာ တစ်ခုတွေ့ရလိမ့်မယ်။ Google ရဲ့ Search ကြီးတစ်ခုလုံး တစ်ပါတ်လည်သွားပါလိမ့်မယ်။
Tilt
Google Search မှာ Tilt လို့နှိပ်ပြီး Enter ခေါက်လိုက်ရင် Search ကြီးတစ်ခုလုံးစောင်းသွားလိမ့်မယ်။
What is the loneliest number
Google ကိုခုလိုမေးလိုက်ရင်တော့ အထီးကျန်ဆန်ဆုံးဖြစ်တဲ့ နံပါတ်-၁ ကို ညွှန်ပြပေးပါလိမ့်မယ်။
Askew
Tilt တုန်းကလိုပဲ။ Google Search ကြီးတစ်ခုလုံး ညာဘက်ကိုစောင်းသွားလိမ့်မယ်။
Google Sphere
Search Boxမှာ အပေါ်ကအတိုင်းရိုက်ထည့်ပြီး I am feeling lucky ဆိုတာနှိပ်လိုက်ရင် Google ရဲ့ Search က အရာတွေက လည်နေတာကိုတွေ့ရပါလိမ့်မယ်။
Google Gravity
Search Box မှာ အဲ့ဒါကိုရိုက်ထည့်ပြီး I am feeling Lucky ဆိုတာ လုပ်လိုက်ရင် ကမ္ဘာ့ဆွဲအားအတိုင်းအလုပ်လုပ်မယ့် Google ဆိုတာဖြစ်သွားပြီး အရာအားလုံးဟာ ပြိုလဲကျသွားမှာပဲဖြစ်ပါတယ်။
Google Language
Google ကိုထူးဆန်းတဲ့ဘာသာစကားတွေနဲ့သုံးချင်တယ်ဆိုရင်တော့ xx-pirate ကို ရိုက်ထည့်ပြီး I am feeling lucky ကိုနှိပ်လိုက်ရင် Pirate တွေသုံးတဲ့ ဘာသာစကားနဲ့ ၊ xx-klingon ဆိုရင်တော့ Star Trek ထဲက ဂြိုဟ်သားဘာသာစကားနဲ့ ၊ 600673 ဆိုရင် အက္ခရာဆင်တူဂဏန်းတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်။
အားလုံးပဲ Google ကိုသုံးပြီး ပျှော်ရွှင်နိုင်ကြပါစေဗျာ . . .။

Monday, January 23, 2012

Inbox Dollars ဘယ်လိုပိုက်ဆံရှာသလဲ

       ဒီနေ့အွန်လိုင်းလောကမှာ Premium Account ကိုမဝယ်ဘဲနှင့် အွန်လိုင်းကနေပိုက်ဆံရှာပြီးဝယ်ကြည့်ရအောင် ဆိုတဲ့ပို့က တော်တော်လေးကိုလူသိများနေခဲ့ပါတယ် . . .။ သူ့နည်းလေးကတော့
                                                ဒီပုံလေးကိုကလစ်နှိပ်ပြီး Inbox Dollars ဆိုဒ်ထဲကို အဖွဲ့ဝင်လိုက်တာနဲ့ ၅ဒေါ်လာချက်ချင်းရတယ်လို့ဆိုပါတယ်။ နောက်ပြီးဒေါ်လာ(၃ဝ)ပြည့်ရင် ကိုယ့်ရဲ့ Pay Pal အကောင့်နဲ့ချိတ်ပြီး ထုတ်ယူလို့ရတယ်လို့လည်းဆိုပါတယ် . . .။
            ဒီတော့ သူက ငွေတွေကို ဘာလို့ လူတကာကို အခမဲ့ အလှူလုပ်သလိုပေးနေရတာလဲဆိုတာ အားလုံးလည်းသိချင်ကြမှာပဲ . . .။ သူကဒီလိုဗျ။
            ဆိုဒ်ထဲဝင်ဝင်ချင်း(၅)ဒေါ်လာရတယ်ဆိုတာလွယ်ပေမယ့် နောက်ပိုင်းနည်းနည်းချင်းသာရတော့ ဒေါ်လာ(၃ဝ)ပြည့်ဖို့ဆိုရင် အနည်းဆုံး (၆)လလောက်ကြာမှရပါလိမ့်မယ် . . .။
           သူဒီငွေတွေကို ဘယ်ကနေပေးလဲဆိုတာကိုလည်း အားလုံးသိချင်ကြမှာပဲ။ သူက သူ့ရဲ့ Search Engine ကနေ ဆိုဒ်တွေကို ရှာဖွေရင် တစ်ခါရှာ (ဝ.ဝ၁)ဒေါ်လာရပါတယ် .။ တစ်နေ့ကို အလွန်ဆုံး(၅)ဒေါ်လာထိပေးပါတယ်.။
         အဲ့ဒီလို သူ့ရဲ့ Search Engine မှာရှာဖွေတဲ့အခါမှာ Sponsored Result တွေအပေါ်မှာပါလာတာကိုလည်းတွေရပါတယ်.။ နောက်ပြီး ဗီဒီယိုကြည့်ပြီး ပိုက်ဆံယူတဲ့နေရာမှလည်း ဗီဒီယိုတစ်ချို့က ကြော်ငြာတွေဖြစ်နေတာကိုတွေ့ရမှာပါ.။ 
         ဒါဟာဘာကိုဆိုလိုလဲဆိုရင် ဥပမာအွန်လိုင်းမှာ 0.1$ per click ဆိုတဲ့ဟာကိုတော်တော်များများသိကြမှာပါ.။ သူတို့ကြော်ငြာတွေကို ကိုယ့်ဆိုဒ်မှာတင်ထားပေးပြီး ကြော်ငြာကိုလူတစ်ယောက်ကလစ်နှိပ်ရင် 0.1$ ပေးတဲ့ဆိုဒ်ပါ .။ ဒီတော့ Inbox Dollars လည်းဒီအတိုင်းပါပဲ .။ သူတို့ Search Engineမှာ ကြော်ငြာကို လူတစ်ယောက်ကလစ်နှိပ်ခဲ့ရင်၊ ဗီဒီယိုကြော်ငြာကို လူတစ်ယောက်ကြည့်ခဲ့ရင်၊ စသဖြင့် ကြော်ငြာများကို သူသိများအောင်လုပ်ပေးပြီး ပိုက်ဆံယူကာ ထိုအထဲကမှ ၅ရာနှုန်းလောက်ကိုသာ ကျွန်တော်တို့ကိုပေးတာပဲဖြစ်ပါတယ် . . .။ 
        နောက်ပြီး ဂိမ်းဆော့ရင်လည်း ငွေတွေရနိုင်တယ်ဆိုပါတယ် .။ အဲ့ဒီဂိမ်းတော်တော်များများမှာ Facebook က မြို့ပြတည်ထောင်ရေးဂိမ်းတွေမှာလို တချို့ပစ္စည်းတွေကို Facebook မှာတော့ ငွေနဲ့ဝယ်ရတဲ့ Facebook Credit ၊ ဒီဆိုဒ်မှာတော့ ပိုက်ဆံပေးပြီး ဂိမ်းထဲက Tools အချို့ကိုဝယ်ရတာလဲရှိပါတယ် .။ ဒီလိုနဲ့ Inbox Dollars က ပိုက်ဆံတွေကိုရှာဖွေနေတာပဲဖြစ်ပါတယ် .။
        အွန်လိုင်းမှာ ပိုက်ဆံရှာလို့ရတာ Inbox Dollars တစ်ခုတည်းမဟုတ်ပါဘူး .။ တခြားရှာလို့ရတဲ့ဆိုဒ်တွေ ထုနဲ့ဒေး ရှိပါသေးတယ် .။ တချို့ဆိုဒ်တွေဆိုရင် Inbox Dollars ထက်တောင်ငွေပေးစိပ်ပါသေးတယ် .။ 
        အချို့ဆိုဒ်တွေဆိုရင် တစ်လကို ဒေါ်လာ(၅၀)ကျော်လောက်ပေးတာလဲရှိပါတယ် .။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းငွေရှာဆိုဒ်တော်တော်များများမှာ ဝင်ထားရင် လစာက ကုမ္ပဏီအလယ်အလတ်ဝန်ထမ်းတစ်ယောက်ရဲ့လစာလောက်ရနိုင်တာမို့ ဒီဆိုဒ်တွေထဲဝင်ထားရင် ဘာအလုပ်မှလုပ်စရာမလိုဘဲ အွန်လိုင်းမှာပဲဝင်ငွေကောင်းနိုင်ပါတယ် .။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေခံထားရတာမို့ ဘဏ်အကောင့်၊ Pay Pal အကောင့်လုပ်မရလို့ ဘယ်လိုမှယူဖို့မဖြစ်နိုင်သေးပါဘူးခင်ဗျာ . .။ ဒါကြောင့် စီးပွားရေးပိတ်ဆို့ထားတာကို မြန်မြန်လေး ပြန်ပြီး ရုတ်သိမ်းပေးနိုင်ပါစေလို့ ဆုတောင်းနေရုံပဲရှိတာပေါ့ဗျာ . . .။
         နောက်ပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးဟာ ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေရှိတာမို့ ပိတ်ဆို့ထားမှုတွေကို ပြန်လည်ရုတ်သိမ်းဖို့ နီးကပ်လာပြီမို့ ဒီငွေရှာနည်းလေးတွေဟာ မကြာခင်ပဲအသုံးဝင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ .  . .။
        တခြားဝင်ငွေကောင်းကောင်းရနိုင်မယ့်ဆိုဒ်တွေကနေ ပိုက်ဆံရှာနည်းအကြောင်းကိုလည်းနောက်အလျင်းသင့်ရင် တင်ပေးသွားမှာပါ။ အဲ့ကြရင်လည်း လေ့လာကြပါဦးလို့ပြောချင်ပါတယ် . . .။

ခင်လျက်
http://myonlinetechnology.blogspot.com

Sunday, January 22, 2012

အခမဲ့ Websiteတည်ထောင်လိုသူများအတွက်

               အခမဲ့Website တည်ထောင်လိုသူများအတွက် ထောင်လို့ရနိုင်မယ့် ဆိုဒ်လိပ်စာလေးတွေကို ကျွန်တော်က လမ်းညွှန်ပေးစေချင်ပါတယ် . . . .။
               ကျွန်တော်အရင်ကြိုတင်ပြောချင်တာကတော့ ဆိုဒ်နှစ်မျိုးရှိပါတယ် . . .။ ဘလော့ဆိုဒ်နဲ့ လူမှုရေးကွန်ယက်ဆိုဒ်ဆိုတာပါပဲ . . .။ (ဥပမာ - ဒီဆိုဒ်ကိုကြည့်ပါ )
               ဘလော့ဆိုဒ်ဆိုတာကတော့ ကိုယ်ရေးတဲ့ ပို့စ်တွေကို လာလည်တဲ့သူတွေဟာ ဖတ်ရုံ Comment ပေးရုံသာလုပ်နိုင်ပြီး အဖွဲ့ဝင်ကာဘလော့တွေဘာတွေဝင်မရေးနိုင်ပါဘူးခင်ဗျာ . . .။
               လူမှုရေးဆိုဒ်ဆိုတာကတော့ ဆိုဒ်မှာ ဘယ်သူမဆို အဖွဲ့ဝင်ထားတဲ့သူတိုင်း ဘလော့တွေရေးနိုင်မယ်၊ ဖိုရမ်တွေရေးနိုင်မယ်၊ ဆွေးနွေးနိုင်မယ်၊ ဗီင်္ဒီယိုတွေဓာတ်ပုံတွေမျှဝေနိုင်မယ်။ (ဥပမာ - www.21-century.webs.com )

လူမှုရေးဆိုဒ်များ
www.yourname.webs.com နဲ့ထောင်ချင်ရင် ဒီမှာ
www.yourname.grou.ps နဲ့ထောင်ချင်ရင် ဒီမှာ

ဘလော့ဆိုဒ်များ

www.yourname.blogspot.com နဲ့ထောင်ချင်ရင် ဒီမှာ
www.yourname.wordpress.com နဲ့ထောင်ချင် ဒီမှာ
www.yourname.yolasite.com နဲ့ထောင်ချင်ရင် ဒီမှာ
www.yourname.co.uk , www.yourname.ucoz.com အစရှိတဲ့ ဒိုမိန်းပေါင်း ၁၅ခုလောက်က ကြိုက်တာတစ်ခုကိုရွေးထောင်ချင်ရင်တော့ ဒီမှာ သွားရောက်တည်ထောင်နိုင်ကြပါတယ်ခင်ဗျာ . . .။
     
အားလုံးဆိုဒ်အလန်းလေးတွေထောင်နိုင်ကြပါစေဗျာ  . . .



Thursday, January 19, 2012

Mobile Application တွေကို လွယ်ကူစွာ ကိုယ်တိုင်တီထွင်ကြရအောင်

             ဒီလိုလုပ်ဖို့ဘာကုဒ်တွေဘာတွေမှတတ်ထားဖို့မလိုပါဘူး . . .။ ၀ါသနာရှင်လေးများအတွက်ရည်ရွယ်ပါတယ် . . .။ iPhone,iPod,iPad နဲ့ Android ထိတွေ့မျက်နှာပြင်ဖုန်းတွေအတွက် Application လေးကို ကိုယ်တိုင်တီထွင်ကြရမှာပဲဖြစ်ပါတယ် . . .။            နမူနာအနေနဲ့ ကျွန်တော်လုပ်ထားတဲ့ Application လေးကိုဒေါင်းကြည့်လိုက်ပါဦးဗျာ . . .။ လူမှုရေးကွန်ရက်တွေ စုစည်းထားတဲ့ Apps ပါ။
Right Click ထောက်ကာ Save Link As ကိုနှိပ်ပြီးဒေါင်းပါရန်
             ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ပထမဆုံး www.buzztouch.com ဆိုဒ်ကိုအရင်ဝင်ပါ။ ပြီးရင်တော့ Register လုပ်လိုက်ပါ။ အဲ . .တစ်ခုသတိပေးချင်တာကတော့ Register လုပ်တဲ့အခါမှာ ကိုယ်က ကုတ်တွေကို နားမလည်ဘူးဆိုရင် I hate code ကိုရွေးခဲ့လိုက်ပါခင်ဗျာ . . .။
Application အကန့်အသတ်မရှိ အခမဲ့လုပ်နိုင်တဲ့ဆိုဒ်လေးဖြစ်တာမို့ သွားရောက်လေ့လာကြည့်ကြဖို့ပြောချင်ပါတယ်။ တကယ်လို့ကိုယ့် Application နာမည်ကြီးခဲ့ရင်လည်း ရောင်းစားပြီး စီးပွားရှာလို့ရတာပေါ့ဗျာ . . . ။

မှတ်ချက်။  ။ Android Version 2.3.5 အတွက်နှင့် Apple Ios 5.0.1 ဖုန်းများအတွက်သာ Apps များဖန်တီးနိုင်ပါသည် . . .။


Tuesday, January 17, 2012

ကိုယ်ပိုင်ဒိုမိန်းနာမည် (www.yourname.com) နဲ့ဆိုဒ်တစ်ခု အခမဲ့ထောင်ကြရအောင်

သူငယ်ချင်းများအတွက် ကိုယ်ပိုင်ဒိုမိန်းနာမည်နဲ့အခမဲ့ဆိုဒ်တစ်ခုထောင်လိုသူများအတွက် နည်းလမ်းလေးတွေကိုပြောပြပါ့မယ်။
                         ပထမဆုံးထောင်ရမှာကတော့ (www.yourname.webs.com) နဲ့ပါ။ နောက်မှအဆင့်ဆင့်နဲ့ Professional အနေနဲ့ အခမဲ့ကူးပြောင်းရမှာဖြစ်ပါတယ်။
                        ပထမအဆင့်အနေနဲ့ အောက်ကပုံမှာကလစ်နှိပ်လိုက်ပါ

                       ပြီးရင်တော့ဆိုဒ်တစ်ခုကိုရောက်သွားပါလိမ့်မယ်။ အဲ့ဒီဆိုဒ်မှာ ပထမဆုံး Register လုပ်လိုက်ပါ။ ပြီးရင်တော့ www.yourname.webs.com နဲ့ Website တစ်ခုကိုထောင်လိုက်ပါ။ အဲ့ဒီမှာသူက websiteကိုပြင်ဆင်ဖို့အချိန် ၇ရက်ပေးပါလိမ့်မယ်။ ကိုယ်Websiteကိုထောင်လို့ ၇ရက်မြောက်တဲ့နေ့မှာ ဆိုဒ်ရဲ့ site manager ရဲ့ညာဘက်အပေါ်ထောင့်မှာ Credit ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီအခါဘေးက Learn More ဆိုတာကိုနှိပ်လိုက်ပါ။ Credit Shop ကိုရောက်သွားပါလိမ့်မယ်။ အဲ့ဒီအခါအပေါ်ဆုံးမှာရှိတဲ့ Credit Shop Launch Special ဆိုတာကို Buy Now လုပ်လိုက်ပါ။ ဒါဆိုရင်သင့်မှာ ၅ခရက်ဒစ် ရသွားပါလိမ့်မယ်။ အဲ့ဒီကနေပြီးတစ်နေ့ကို ၅ခရက်ဒစ်ယူနိုင်သလို သူငယ်ချင်းတွေဖိတ်ပေးတာ အဲ့ဒီက Game တွေဆော့ပေးတာကနေလည်း ခရက်ဒစ်တွေရနိုင်ပါတယ်။ ခရက်ဒစ်၃၀၀၀ ပြည့်တယ်ဆိုရင်တော့ ကိုယ်ပိုင်ဒိုမိန်းနာမည်(www.yourname.com) နဲ့ ၀က်ဆိုဒ်တစ်ခု၁လအခမဲ့ထောင်ခွင့်ရမှာဖြစ်ပါတယ်။ ခရက်ဒစ်က ဂိမ်းမေးခွန်းတစ်ခုဖြေနိုင်ရင် ၂ခရက်ဒစ်နဲ့ သူငယ်ချင်းတစ်ယောက်ကိုဖိတ်နိုင်ရင် ၅၀ခရက်ဒစ်ရပါတယ်။ မထောင်ခင်ကျွန်တော်ထောင်ထားတဲ့ ဒီဆိုဒ် လေးကိုနမူနာကြည့်ခဲ့နိုင်ပါတယ်။ ကျွန်တော့်မှာတော့ ခုလောလောဆယ် ၃၅၀ ခရက်ဒစ်ရနေပါပြီခင်ဗျာ။ ခရက်ဒစ်တွေယူထားတာကတော့ ၁၀ရက်လောက်ပဲရှိဦးမှာပါ။
                     အားလုံးပဲ ဆိုဒ်အလန်းတွေထောင်နိုင်ကြပါစေဗျာ . . .။

တစ်လကို 4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ်ကို တစ်နာရီအတွင်း အခမဲ့ရအောင်ကြိုးစားကြည့်ကြရအောင်

   ကလိမ်ကျတဲ့နည်းလို့ပြောရင်လည်း ရပါတယ်။ ဘာလို့လဲဆိုတော့ လိမ်စဉ်နည်းလေးနဲ့ လုပ်ရတာကိုး။ ဒီလိုလုပ်ဖို့ ကိုယ့်မှာ အီးမေးအကောင့်နှစ်ခုလိုအပ်ပါတယ်။ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ . . .။
                       ပထမဆုံး ဒီမှာ အရင်ဆုံးအဖွဲ့ဝင်လိုက်ပါ။ ပြီးရင် ကိုယ်အတည်ထောင်မယ့် အခမဲ့ဆိုဒ်ကိုထောင်လိုက်ပါ။ ခုဆို အခမဲ့ စနစ်နဲ့ ဆိုဒ်တစ်ခုတော့ထောင်ပြီးသွားပါပြီ။ ထုံးစံအတိုင်းအခမဲ့ဆိုတော့ အခပေးလို favicon , Custom Header, Password Protect တွေတော့ မရှိသေးဘူးပေါ့ဗျာ .  . . ။ အဲ့ဒါအပြင် ကိုယ့်ဟာ အခမဲ့ဆိုဒ်မှန်းလူသိအောင်အောက်မှာ Create a free website with weebly ဆိုတဲ့ဟာကြီးကပါ ပါနေတော့ လူသိပ်အထင်မကြီးဘူးပေါ့ဗျာ . . . ။ အခပေးလုပ်တာရမှပဲ ကိုယ့်ဟာကိုယ်ပြန်ဖြုတ်လိုက်ကြပေါ့။
                    အဖွဲ့ဝင်ပြီးရင်တော့ websiteတစ်ခုကိုထောင်ပြီး တစ်ခါတည်း publish တန်းလုပ်လိုက်ပါ။ Publish လုပ်ပြီးရင် ကိုယ့်ဆိုဒ်ရမရကို အရင် tab အသစ်တစ်ခုမှာစမ်းကြည့်ပါဦး။ ရပြီဆိုမှ အဲ့ဒါကိုပိတ်ပြီး တည်းဖြတ်နေတဲ့စာမျက်နှာရဲ့  ညာဘက်အပေါ်က close ဆိုတာကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင် အစပိုင်းက စာမျက်နှာပြန်ပေါ်လာပါလိမ့်မယ်။ အပေါ်က my referrals ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီအခါကျရင်

Option A: Send them this link

ဆိုတဲ့စာလုံးအောက်က လင့်လေးကို copy ကူးထားလိုက်ပါ။ ပြီးရင်တော့ logout လုပ်ပေါ့ဗျာ . ..။ logout လုပ်ပြီးရင်တော့ ခုနကော်ပီကူးထားတဲ့လင့်လေးကို browser တစ်ခုခုမှာဖွင့်လိုက်ပါ။ ခုနသင်ဆိုဒ်ထောင်ခဲ့တဲ့ ဆိုဒ်ပြန်ကျလာပါလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ့်ရဲ့ တခြားအီးမေးလိပ်စာနဲ့ အဲ့ဒီဆိုဒ်မှာပဲ အဖွဲ့ဝင်လိုက်ပြီး ပေါက်ကရဆိုဒ်တစ်ခုထပ်ထောင်လိုက်ပါ။ ပြီးရင်တော့ Publish ပေါ့ဗျာ . . .။ အဲ့ဒီအခါ ထောင်ပြီးတဲ့ ပေါက်ကရဆိုဒ်တစ်ခုကို tab အသစ်မှာ ဖွင့်ကြည့်ပါဦး။ ရပြီဆိုရင်တော့ အဲ့ဒါကို Logout လုပ်ပြီး အတည်ထောင်ထားတဲ့ ဆိုဒ်ကိုတည်းဖြတ်ဖို့ အရင်အကောင့်ကို ပြန်လည် login ၀င်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အကောင့်မှာ တစ်လ free  4.58$လိုင်စင်ကြေးပေးပြီးထောင်ရတဲ့ဆိုဒ် ကိုရရှိနိုင်ပါပြီ။ ဒါပေမယ့် တစ်လပြည့်တိုင်း referral ကလင့်နဲ့ အကောင့်သစ်တစ်ခုထပ်ထပ်လုပ်ပေးနေရပါမယ်။ ဒါမှနောက်လတိုင်းလတိုင်း အခပေးဆိုဒ်အနေနဲ့ တည်ရှိနေမှာလေ။
နမူနာအနေနဲ့ ကျွန်တော် အဲ့လိုထောင်ထားတဲ့ ဆိုဒ်လေးကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာ . . .။
အားလုံးအခပေးဆိုဒ်တွေကို အခမဲ့ထောင်နိုင်ကြပါစေဗျာ . . .။